ကျွန်းစုမြို့နယ်၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းနှင့် ကျောင်းပဒေသာကပွဲကျင်းပ

ကျွန်းစု မတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅ခုနှစ် မေလ(၂)ရက်နေ့မှ ၂၀၂၆ခုနှစ်၊ မတ်လ (၃၁)ရက်နေ့အထိ မူလတန်းကြို ပညာသင်ယူပြီးမြောက်သော သားငယ်၊ သမီးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းနှင့် ကျောင်းပဒေသာကပွဲကို မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အတန်းခွဲ(အေ)မှ သားငယ်၊ သမီးငယ်လေးများက လမ်းပြကြယ် သီချင်းဖြင့် ကပြ ဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့ က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အတန်းခွဲ(အေ) မှ မူလတန်းကြို ပညာသင်ယူပြီးမြောက်သော သားငယ်၊ သမီးငယ် (၄၈)ဦးအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍  သားငယ်၊ သမီးငယ်လေးများက “ ကိုကိုစိတ်ကူးယဉ်၊ ရန်ကုန်လိုက်မယ်၊ မူကြိုသွား မယ်၊ လာမည့်နှစ်မှာ ရည်းစားထားမယ်၊ ပိုးစုန်းကြူး စသည်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဆုတော်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)