တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဖွဲ့စည်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး၏ ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှု ၁၀၅၄၃ ဧကရှိ

မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး) ဖွဲ့စည်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြိတ်မြို့တွင်မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား  မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို  ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက်ပိုင်း က ပုလဲရတနာခန်းမတွင် ပြုလုပ်သည်။

ကော့သောင်းမြို့တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဆုချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး( ခရိုင်အဆင့်) ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အကဲဖြတ်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ပြိုင်ပွဲဝင် အနုပညာရှင်များ၊ အုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက်  စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ထားဝယ်သူနာပြု သင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက် ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

သရက်မြို့နယ် မုဉ္ဇလီကျေးရွာ၌ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၊ မုံဉ္ဇလီကျေးရွာ၌ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက သရက်မြို့နယ် မုံဉ္ဇလီကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း၌ ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်/ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူ (၇၀) ဦး တက်ရောက်ခဲ့ကြသည်။

ထားဝယ်မြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

စက်တင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၆) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ထားဝယ်မြို့၌ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများသို့ သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်

ဘုတ်ပြင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက အ-ထ-က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး