မြိတ် ဖေဖော်ဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းပေးခြင်းကို ယမန်နေ့က မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမ၌ ကျင်းပသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းကို ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး သင်တန်းစတင်ပို့ချသည်။ သင်တန်း၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ/နည်းဥပဒေ အမိန့်ညွှန်ကြားချက် လုပ်ထုံးလုပ်နည်းသိကောင်းစရာများ ဆွေးနွေးပို့ချခဲ့သည်။
ဆွေးနွေးရာတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ရတနာအောင်ကိုး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လှိုင်မင်းနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိမ်းမင်းတို့က ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး အိမ်ခြံမြေအကျိုးဆောင် အသင်းဝင်များနှင့် ရွှေလုပ်ငန်းရှင်အသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)