ကျွန်းစုမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျွန်းစုမြို့၊ အမှတ် ၁ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။