တနင်္သာရီတိုင်းဒေသကြီး

ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ မြိတ်ခရိုင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့်မြိတ်ခရိုင်ရုံး၊ မြို့နယ်ရုံးများမှ ဝန်ထမ်းများတွေ့ဆုံပွဲကို စက်တင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မြိတ်ခရိုင် လက်ထောက်ညွှန်ကြား‌ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ပြီး မြိတ်မြို့နယ်ရှိ ကျေးရွာအဝင်လမ်းနှင့်ကျေးရွာချင်းဆက်လမ်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ရိုးရာသပိတ်မျှောပွဲနှင့်မီးပုံးပျံလွှတ်ပွဲတော်အခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ရိုးရာသပိတ်မျှောပွဲနှင့်မီးပုံးပျံလွှတ်ပွဲတော်အခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ခမောက်ကြီးမြို့တွင် DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာ/ ဆရာမများ ပူးပေါင်း၍ ကျောင်းအခြေပြု DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့ မွန်လွဲပိုင်းက အ.လ.က ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် ငှက်ဖျားပိုးရှိ/မရှိကို သွေးဖောက်စစ်ဆေးပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေး သွေးဖောက်စစ်ဆေးပေးခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီကဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာကျောင်းသားအားကစား (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီးအဆင့်အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသားအားကစား (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့ညနေပိုင်းက  ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးသန်းထွတ်သိန်း  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်း က ထားဝယ်မြို့  ဆန်းချီဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ခမောက်ကြီးမြို့တွင် ဆုံဆို့နာ၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ကျောင်းအခြေပြု ဆုံဆို့နာ၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က ခမောက်ကြီးကျောင်းတွင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ရေဖြူမြို့၌ သစ်တောပြုန်းတီးမှုထိန်းသိမ်းနိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သစ်တောပြုန်းတီးမှုထိန်းသိမ်းနိုင်ရေးအတွက် နေ့စဉ်ထင်း၊ မီးသွေး သုံးစွဲမှုလျှော့ချနိုင်ရန် မြို့နယ်သစ်တောဉီးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေဖြူမြို့မရပ်ကွက်အတွင်း စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လက်နက်/ ခဲယမ်းများနှင့် အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားသို့ တက်ရောက်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းပြီး လက်နက်/ ခဲယမ်းများနှင့်အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့နံနက် ၉ နာရီက ထားဝယ်မြို့ အမှတ် (၂၅) ခြေလျင်တပ်ရင်းအောင်ဆန်းခန်းမ၌ ကျင်းပသည်။

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီမှ ကြီးမှူး၍ အသံမစဲမဟာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ (၂၄) ရက် နံနက် (၉) နာရီက မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး