တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် (၁၀) နာရီက ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

ပုလောမြို့နယ် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်း‌ဆေးဖြန်းခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုလောမြို့ အမှတ် (၁) ရပ်ကွက်အတွင်း စက်တင်ဘာ ၂၆ ရက်နေ့နံနက် ၇ နာရီက ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၅) ရက်တာ ဖွင့်လှစ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊‌‌ ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို စက်တင်ဘာ ၂၅ ရက်နေ့က ကော့သောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဖွင့်ပွဲကျင်းပခဲ့ရာ သင်တန်းဖွင့်ပွဲတွင် တက်ရောက်လာကြသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်ခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကောက်ကောက်ညွှန့်များ ချိုးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ပြည်သူများသည် နှစ်ရှည်၊ နှစ်တိုဉယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်းအပြင် သဘာဝတောတောင်၊ ချောင်းစပ်နှင့်ဓနိတောစပ်များမှ ထွက်ရှိသည့် ရာသီပေါ်အသီးအရွက်များကို ဆွတ်ခူးရောင်းချလျက်ရှိရာ ရာသီပေါ်ကောက်ကောက်ညွှန့်များအား ခူးဆွတ်ရောင်းချခြင်းဖြင့် ပြည်သူများ ပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။

ကော့သောင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဆင်းပွဲ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သောအရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်နေ့နံနက် ၉ နာရီခန့်က ကော့သောင်းမြို့၊ ခရိုင် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့ရာအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် ခရိုင်နှင့်မြို့နယ် မီးသတ် ဦးစီဌာနမှ ဦးစီးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ထောပတ်ခရမ်းသီးများအား စီးပွားဖြစ်စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍  စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ထောပတ်ခရမ်းသီးများအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။

ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ ညနေက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၅)ရက်တာ ဖွင့်လှစ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊‌‌ ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို စက်တင်ဘာ ၂၅ ရက်နေ့က ကော့သောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဖွင့်ပွဲကျင်းပခဲ့ရာ သင်တန်းဖွင့်ပွဲတွင် တက်ရောက်လာကြသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်ခဲ့ကြသည်။

ထားဝယ်မြို့၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း က ထားဝယ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပသည်။

ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ မြိတ်ခရိုင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့်မြိတ်ခရိုင်ရုံး၊ မြို့နယ်ရုံးများမှ ဝန်ထမ်းများတွေ့ဆုံပွဲကို စက်တင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မြိတ်ခရိုင် လက်ထောက်ညွှန်ကြား‌ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ပြီး မြိတ်မြို့နယ်ရှိ ကျေးရွာအဝင်လမ်းနှင့်ကျေးရွာချင်းဆက်လမ်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး