သရက်ချောင်းမြို့နယ် စက်သုံးဆီအရောင်းဆိုင်များ၌ မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားစေရေး စစ်ဆေး

သရက်ချောင်း မတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံး တုံ့ပြန်ရှင်းလင်းနိုင်‌စေရန်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက စက်သုံးဆီ အရောင်းဆိုင်များ ဆီထည့်စဉ် မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားစေရေး စစ်ဆေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များက (Petro Green) စက်သုံးဆီအရောင်းဆိုင်အား ဆီထည့်‌နေစဉ် မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားစေရေး စနစ်တကျဆောင်ရွက်ထားရှိမှုမရှိ၊ မီးသတ်ဆေးဗူးများဆောင်ထားမှုရှိ/မရှိ၊ ဆိုင်ကယ်များနှင့်မော်တော် ယာဉ်များအား အလှည့်ကျစနစ်ဖြင့် ဆီဖြည့်ပေးခြင်းရှိ/ မရှိ၊ ရေအိုး/ ရေစည်/ ရေကန်များစစ်‌ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများထားရှိရန် စစ်ဆေးခဲ့ပြီးနောက် စက်သုံးဆီအရောင်းဆိုင်များမှ အ‌ရောင်းဝန်ထမ်းများအား မီးသတ်ဆေးဗူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)