တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် အလယ်တန်းနှင့် အထက်တန်းအဆင့်စာစီစာကုံးနှင့် ပိုစတာ/ပန်းချီပြိုင်ပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် ‌အလယ်တန်းနှင့်အထက်တန်းအဆင့်စာစီစာကုံးနှင့် ပိုစတာ/ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်း‌များ ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်း‌များကို ကော့သောင်းမြို့ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းတွင် အမှတ်စဉ်(၄)ခုဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဒုတိယအပတ်စဉ်အဖြစ် ဩဂုတ်လ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့ထိ (၂) ရက်တာ ဆောင်ရွက်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကော့‌‌သောင်းမြို့တွင် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးဆောင်ရွက်

ကော့‌‌သောင်းမြို့တွင် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကို ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအ‌ဝေးခန်းမ၌ ယ‌နေ့မွန်းလွဲပိုင်းက  ကျင်းပပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့ ကော့ကော့‌‌သောင်းမြို့တွင် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကို ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအ‌ဝေးခန်းမ၌ ယ‌မန်နေ့မွန်းလွဲပိုင်းက  ကျင်းပပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့ ကော့သောင်းမြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ မူကြိုကျောင်းနှင့်  ခေတ်သစ်မူကြိုကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးသူငယ်အခွင့်အရေး များကို ကလေးသူငယ်တိုင်း အပြည့်အဝရရှိအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရန်အရေးကြီး

တနင်္သာရီတိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်ကကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသော ကလေးသူငယ်အခွင့်အရေးများကို ကလေးသူငယ်တိုင်း အပြည့်အဝရရှိအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရန်အရေးကြီးကြောင်းပြောကြားသည်။

ထားဝယ်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် ထားဝယ်မြို့နယ်၊ ကျောက်မော်ရပ်ကွက်၊ လမ်းမသစ်လမ်း ဦးပိုင်အမှတ် ၁၃/၁ ၌ရွှေဝါမြေစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားသောမိုးစပါးစိုက်ခင်းများကိုယမန်နေ့မွန်းလွဲပိုင်းက  တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်း၊ တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ဥက္ကနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ထားဝယ်မြို့၌နိုင်ငံဝန်ထမ်းအငြိမ်းစားများတွင်လိုအပ်လျက်ရှိသည့် Unique ID များအိမ်တိုင်ရာရောက် ဆောင်ရွက်

နိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများတွင်လိုအပ်လျက်ရှိသည့် UID (Unique  Indentity)စနစ်ဖြင့် Smart Cardကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရပ်ကွက်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အိမ်တိုင်ရာရောက် Home Service ဆောင်ရွက်ပေးခဲ့သည်။

ပလောက်မြို့၌ အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့၌ မြို့ပေါ်ရပ်ကွက် အမှတ် (၁) ရပ်ကွက်များမှ အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့ ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများကျန်းမာရေးနှင့်အညီ ပညာသင်ကြားနိုင်ရေး ကျောင်းကျန်းမာရေးအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး