ကော့သောင်း ဩဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် အလယ်တန်းနှင့်အထက်တန်းအဆင့်စာစီစာကုံးနှင့် ပိုစတာ/ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အလယ်တန်းနှင့်အထက်တန်းအဆင့်စာစီစာကုံးနှင့် ပိုစတာ/ပန်းချီပြိုင်ပွဲများ ဆောင်ရွက်ရာတွင် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများက “ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်ပြုမူပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက “ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် သတိပြုကာတို့ကာကွယ်” ခေါင်းစဉ်တို့ဖြင့် စာစီစာကုံးဖြေဆိုခဲ့ကြပြီး အလယ်တနအဆင့်ပန်းချီပြိုင်ပွဲတွင် “ကိုယ်လက်လှုပ်ရှားအားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်ပိုစတာပြိုင်ပွဲတွင် “ကျန်းမာရေးအဆင့်မြှင့်ဖို့ကွယ်တို့တွေပူးပေါင်းဆောင်ရွက်မယ်” ခေါင်းစဉ်တို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ်ပြိုင်ပွဲတွင် ကော့သောင်းမြို့နယ်၊ အခြေခံပညာကျောင်းများမှအထက်တန်းစာစီစာကုံး (၁၉)ဦး၊ အလယ်တန်းစာစီစာကုံး (၁၂)ဦး၊ အထက်တန်းပိုစတာ (၁၄)ဦး၊ အလယ်တန်းပန်းချီ(၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)