ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်း‌များ ဆောင်ရွက်လျက်ရှိ

ကော့သောင်း ဩဂုတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်း‌များကို ကော့သောင်းမြို့ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းတွင် အမှတ်စဉ်(၄)ခုဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဒုတိယအပတ်စဉ်အဖြစ် ဩဂုတ်လ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့ထိ (၂) ရက်တာ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းတွင် အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲရုံတွင် အီလက်ထရောနစ်မဲပေးစက်များ အသုံးပြုရန်ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်‌မဲပေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်များကို ကိုင်တွယ်ခြင်း၊အရန်စက်လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲပေးစက်အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်းစသည့် လုပ်ငန်းစဉ်များ ပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါဆင့်ပွားသင်တန်းတွင်‌ ဖွင့်လှစ်ဆောင်ရွက်နေမှုကို ကော့သောင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့် တာဝန်ရှိသူများအား လာရောက်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)