ပလောက် ဩဂုတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့၌ မြို့ပေါ်ရပ်ကွက် အမှတ် (၁) ရပ်ကွက်များမှ အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့် သံချဆေးကို ကလေးငယ်များအတွက် အာဟာရချို့တဲ့မှုများမှ ကင်းဝေးပြီး အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးကာ ကျန်းမာသန်စွမ်းစေရေးအတွက်(၆) လလျှင်တစ်ကြိမ် ပုံမှန်တိုက်ကျွေးပေးလျက်ရှိသည်။ အဆိုပါ ဗီတာမင်နှင့်သံချဆေးများ တိုက်ကျွေးရန် ရောက်ရှိလာသည့် ကလေးငယ်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာကျန်းမာရေး ဆရာမများက ကလေးငယ်များ၏ ဖွံ့ဖြိုးကြီးထွားမှုကို တိုင်းတာခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ဗီတာမင်အေနှင့် သံချဆေးကို တိုက်ကျွေးပေးကြသည်။
ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့အတွင်းရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများ သွေးတိုး၊ ဆီးချို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း၊ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဗီတာမင်သံချဆေး တိုက်ကျွေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)