သက်ကြီးရွယ်အိုများအားလုံး ဂုဏ်သိက္ခာရှိရှိနှင့်ကျန်းမာပြီး လုံခြုံစိတ်ချရသည့်ဘဝမျိုးဖြင့်လျှောက်လှမ်းနိုင်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က ထားဝယ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က သက်ကြီးရွယ်အိုများအားလုံး ဂုဏ်သိက္ခာရှိရှိနှင့် ကျန်းမာပြီး လုံခြုံစိတ်ချရသည့်ဘဝမျိုးဖြင့် လျှောက်လှမ်းနိုင်ရေး၊ တက်ကြွ၍ကျန်းမာသော သက်ကြီးရွယ်အိုဘဝဖြစ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။