မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ် ပဒါန်းဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အတက်နေ့ ရေကစားသူများဖြင့်စည်ကား

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်အတက်နေ့တွင် ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် ရပ်နီးရပ်ဝေးမှ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံမိုးကုတ်ရိပ်သာတို့တွင် ဥပုသ်သီလခံယူဆောက်တည်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများ၊ မိုးကုတ်ရိပ်သာတရားစခန်းများ၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့နံနက် ၆ နာရီမှစတင်ကာ ပြည်သူများအေးချမ်းစွာဖြင့် ဘုရားပန်းများကပ်လှူခြင်း ဆီမီးပူဇော်၍ဆွမ်းကပ်လှူ ဥပုသ်သီလခံယူဆောက်တည်၍ ကုသိုလ်ဒါနပြုလုပ်ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မဟာသင်္ကြန်အကြတ်နေ့ မကွေးမြို့ လမ်းလျှောက်မဟာသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ်၊ လမ်းလျှောက်မဟာသင်္ကြန်မဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များတွင် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုနှင့် စတုဒိသာသုံးဆောင်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးသည်။

စလင်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၌ ရေပက်ကစားသူများ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ ပြည်သူများ ပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြပြီး၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်တွင် ရေပက်ကစားကြသူများ စတုဒိသာ၊ ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

သင်္ကြန်အကျနေ့ မကွေးမြို့ လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြန်မာနိုင်ငံ၏ အလယ်ပိုင်းရှိ မကွေးမြို့တွင်လည်း ပြည်သူများ ကိုယ်စိတ်နှလုံး ပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ရန် လမ်းလျှောက်မဟာသင်္ကြန် အတာရေသဘင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

မင်းဘူးမြို့ ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အကျနေ့ ရေကစားသူများဖြင့် စည်ကား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်၌ ယနေ့ မဟာသင်္ကြန် အကျနေ့နံနက်ပိုင်းက အနယ်နယ်ရပ်ရပ်မှ လာရောက်ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်၌ မဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်‌‌ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပ

၁၃၈၇ ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု အတာရေသဘင်ပွဲတော် သင်္ကြန်အကြို ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်ရှိ မင်းဘူး-စလင်း- တညောင်လမ်းဘေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးအနီး  ဗဟိုမဏ္ဍပ်ရှေ့၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မကွေးမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြိုနေ့ဗဟို မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား တက်‌ရောက်

မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က မကွေးမြို့ ကမ်းနားလမ်း We Love Magway ကျောက်သားဥယျာဉ်အနီး၌ ကျင်းပရာ မကွေးတိုင်း‌‌ဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ ဧည့်သည်တော်များ တက်ရောက်သည်။

စလင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ်မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အေးချမ်းပျော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို မြင်တင်ရပ်ကွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ရာ အခမ်းအနားအား ဦးသိန်းဇော်က အခမ်းအနား စတင်ဖွင့်လှစ်ကြောင်းကြေငြာ၍ အခမ်းအနားဖွင့်လှစ်မည့် မုဒ်ဦးရှေ့တွင် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ နေရာယူ၍ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်မုဒ်ဦးရှေ့တွင် မင်္ဂလာအချိန်ကျရောက်သည့် ယနေ့နံနက် ၈ နာနာရီအချိန်က ဖဲကြိုးဖြတ်ဖွစ့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး