မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ် အိုးမြေတွင်းကျေးရွာ (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အိုးမြေတွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

စလင်းမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်စေရေး ဒုတိယအကြိမ် ပြန်လည်စီစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကာလအတွက်၊ မြို့နယ်အ တွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ၊ တိကျမှန်ကန်မှုရှိစေရေးအတွက် ဒုတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ရွးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေကောင်းများ ဖတ်ရှု့လေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများတိုးတက်ပြီး ဘဝငါးတန်ပြည့်စုံ ကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို နိုဝင်ဘာ(၁၀)ရက်နေ့က မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်း စိုက်ပျိုးထားရှိသော အဓိကသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ဒုတိယအကြိမ် ကြေညာမည့်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဒုတိယအကြိမ် ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၉ ရက်နေ့မှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ခန်းမ၌ နိုဝင်ဘာ (၉) ရက်နှင့် နိုဝင်ဘာ (၁၀) ရက်နေ့  (၂) ရက်ကြာ ဆောင်ရွက်ခဲ့ကြသည်။

အောင်လံမြို့၌ ဒုတိယအကြိမ်ကပ်ထားကြေညာမည့် မဲစာရင်းပြည့်စုံမှန်ကန်ရေး အဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေး အတွက် ဒုတိယအကြိမ် ကြေညာမည့် မဲစာရင်းများကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင်ပြင်ပစာပေကောင်းများ ဖတ်ရှုလေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်ပြီး ဘဝငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) ခွဲအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့၌ မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မဲဆန္ဒပေးခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး