စလင်းမြို့နယ်တွင် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှဖေဖော်ဝါရီလ ဒုတိယပတ်ကျန်းမာရေးချို့တဲ့ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး
မကွေးတိုင်းဒေသကြီး မင်းဘူခရိုင် စလင်းမြို့ ပုထိုးဖြူရပ်ကွက် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ၁၃၈၆ ခုနှစ်တပိုတွဲလပြည့်ကျော်(၃)ရက်၂၀၂၅ ခုနှစ် ယနေ့ နံနက်ပိုင်းမှစတင်ကာ နေ့လည်(၁)နာရီအချိန်အထိ စေတနာရှင်ဆေးဝါးကျွမ်းကျင်ဆရာဝန်များနှင့်ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား ဖေဖော်ဝါရီလ ဒုတိယပတ်အဖြစ်ဆေးကုသပေးလျက်ကြောင်း သိရသည်။