မင်းဘူး ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနက ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းပြီး သွားလာရေးလွယ်ကူချောမွေ့အဆင်ပြေစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် မူလကတ္တရာလမ်းအား ထပ်ပိုးလွှာခင်းခြင်းနှင့် အသစ်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းပေါင်း ၉ ခုကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လမ်းဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် မင်းဘူး-မကွေးသွားရာ လမ်းတစ်လျောက်ရှိ မိုင်တိုင် အမှတ် ၀/၆ မှ ၁/၀ မိုင်အတွင်း လမ်းအရှည် ပေ ၆၀၀ အား မျက်ကွယ်ကွေ့ ဖြတ်ထုတ်ထားသောနေရာအား ကတ္တရာလမ်းအသစ်ခင်းခြင်းလုပ်ငန်းကို ရန်ပုံငွေ ၉၉ ဒသမ ၂၂ ကျပ်သန်း၊ မိုင်တိုင်အမှတ် ၁/၀ မှ ၁/၂ မိုင်အတွင်း လမ်းအကျယ် ၂၄ ပေ၊ အရှည်ပေ ၁၃၀၀ အား ကွန်ကရစ်အမာခံ လမ်းပုခုံးခင်း၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၉၉ ဒသမ ၉၈ ကျပ်သန်း၊ မိုင်တိုင်အမှတ် ၁/၀ မှ ၁/၁ မိုင်အတွင်း အရှည်ပေ ၄၀၀ နှင့် ၁/၁ မှ ၁/၂ မိုင်အတွင်း အရှည်ပေ ၄၀၀ အား မြေထိန်းနံရံ တည်ဆောက်၍ Guard Rail တပ်ဆင်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၂၉၅ ဒသမ ၉၅ ကျပ်သန်း၊ မိုင်တိုင် အမှတ် ၁/၃ မှ ၁/၄ မိုင်အတွင်း လမ်းကွေ့(မျက်ကွယ်ကွေ့)အား ဖြတ်ထုတ်၍ လမ်းအကျယ် ၂၄ ပေ၊ အရှည် ပေ ၆၆၀ အား ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် တံတားအမှတ် ၂/၂ အား တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၈၇ ဒသမ ၃၇ ကျပ်သန်း၊ မိုင်တိုင်အမှတ် ၁/၄ မှ ၁/၆ မိုင်အတွင်း လမ်းကွေ့(မျက်ကွယ်ကွေ့)အား ဖြတ်ထုတ်၍ လမ်းအကျယ် ၂၄ ပေ၊ အရှည် ပေ ၅၀၀ အား ကတ္တရာလမ်းအသစ် ခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၁၄ ဒသမ ၂၂ ကျပ်သန်း၊ မိုင်တိုင်အမှတ် ၁/၅ မှ ၁/၇ မိုင်အတွင်း လမ်းအကျယ် ၂၄ ပေ၊ အရှည်ပေ ၁၁၀၀ အား ကွန်ကရစ်အမာခံ လမ်းပုခုံးခင်း၍ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၄၄ ဒသမ ၃၉ ကျပ်သန်း၊ မိုင်တိုင်အမှတ် ၁/၅ မှ ၁/၆ မိုင်အတွင်း လမ်းအရှည် ပေ ၃၀၀ အား မြေထိန်းနံရံ(Toe Wall) တည်ဆောက်ခြင်း၊ လမ်းတာဘောင်ဖြည့်ခြင်းနှင့် Guard Rail တပ်ဆင်ခြင်းလုပ်ငန်းများကို ရန်ပုံငွေ ၁၈၀ ဒသမ ၃၈ ကျပ်သန်း၊ မိုင်တိုင်အမှတ် ၁/၅ မှ ၁/၆ မိုင်အတွင်း လမ်းအရှည် ပေ ၃၀၀ အား မြေထိန်းနံရံ(Toe Wall) တည်ဆောက်ခြင်းနှင့် လမ်းတာဘောင်ဖြည့်ခြင်းလုပ်ငန်းကို ရန်ပုံငွေ ၁၉၈ ဒသမ ၅ ကျပ်သန်းတို့ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လမ်းဦးစီးမှူး ဦးထွန်းမင်းဝင်းက ပြောသည်။
ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၈၀၀ ဒသမ ၅၇ ကျပ်သန်းဖြင့် မင်းဘူး-အမ်း-စစ်တွေ ကားလမ်းမကြီးအား မူလလမ်းအကျယ် ၁၈ ပေ မှ လမ်း အကျယ် ၂၄ ပေ အထိ ကတ္တရာလမ်းခင်းခြင်း၊ ပေ ၄၀ အကျယ် မြေသားတာဘောင် တိုးချဲ့ပြုပြင်ခြင်းနှင့် လမ်းဘေးဝဲယာ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းများအား ကတ္တရာထပ်ပိုးလွှာခင်းပြီး တိုးချဲ့ပြုပြင်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုသူ ခရီးသွားပြည်သူများ ယခင်ထက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ကာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းပြီး သွားလာရေးလွယ်ကူချောမွေ့အဆင်ပြေစွာ အသုံးပြုသွားလာနိုင်မည့်အပြင် ယာဉ်ကြောပိတ်ဆို့မှုလျော့ချကာ ကုန်သွယ်စီးဆင်းမှုပိုမိုအားကောင်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)