မကွေးတိုင်းဒေသကြီး

ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးစစ်ဆေး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ်လုံခြုံမှုစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ ဆောင်ရွက်သည်။

ပခုက္ကူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနကျောင်းများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများ မီးဘေးလုံခြုံရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြသည်။

ရေနံချောင်း မူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် နိဗ္ဗာန်ဈေးပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အဖြစ် နိဗ္ဗာန်ဈေးပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ရေနံချောင်းမူလတန်းကြိုကျောင်း၌ ကျင်းပသည်။

မင်းဘူး(စကု)မြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အ.ထ.က(ခွဲ)မောင်းမကန်ကျောင်းနှင့် အ.ထ.က(ခွဲ)ရေတွင်းကုန်းကျောင်းများ၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍  စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍  ရနံ့သိုက်ရေးသားသည့် “သင့်အနာဂတ်ကို သင်ကိုယ်တိုင် ဖန်တီးယူပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားသည့် “မျှဝေလိုသော အတွေးများ-၁” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ကာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းကျင်းပသည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ညနေ ၃ နာရီက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ချောက်မူလတန်းကြိုကျောင်း၌ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် နိဗ္ဗာန်‌ဈေးရောင်းပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊​ ချောက်မြို့ မူလတန်းကြိုကျောင်း၌ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် နိဗ္ဗာန်‌ဈေးရောင်းပွဲတော်ကို ယမန်‌နေ့နံနက် ၉ နာရီခွဲအချိန်က ယင်းကျောင်းရှိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဖူးစားပြောင်းများ ဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိကြောင်း စိုက်ပျိုးသူ တောင်သူ ကိုသိန်းမင်းထိုက်ထံက သိရသည်။

မြို့သစ်မြို့၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။  
Subscribe to မကွေးတိုင်းဒေသကြီး