မကွေးတိုင်းဒေသကြီး

တောင်တွင်းကြီးမြို့နယ်  သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန တောင်ပြင် (၂)ရပ်ကွက် မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမအကြိမ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့၊  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ  မိုးလုံလေလုံအားကစားခန်းမဆောင်တွင်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊  ပထမအကြိမ်  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို  ယမန်နေ့  မွန်းလွဲ  ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့၌“ဥပဒေ”အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲမှ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရတနာခန်းမ)သို့ယမန်နေ့နံနက်ပိုင်းကရောက်ရှိ၍“ဥပဒေ”အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာမကွေးတိုင်းဒေသကြီး၊တရားဥပ ဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ အဖွဲ့ခေါင်းဆောင်တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက အဖွင့်အမှာစကားပြောကြားသည်။

မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးတက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။

ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ နဝမအကြိမ် ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျစ်ကိုင်းကျေးရွာ၌ နဝမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန် ပုံငွေ ထုတ်ချေးပေးခြင်းကို ဇွန် ၁၃ ရက်၊ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။

ချောက်မြို့ အ.ထ.က(၃)ကျောင်း၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကျောင်းသား/ ကျောင်းသူများအား one stop service ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းနှင့်အတူ UID အချက်အလက်များ ကောက်ယူခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းများကို ယမန်‌နေ့နံနက် ၉ နာရီအချိန်က ချောက်မြို့ အ.ထ.က(၃)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ “ဖိစီးမှုရှင်း သောကကင်း”စာအုပ်အကြောင်း  စာပေဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ “ဖိစီးမှုရှင်း သောကကင်း”စာအုပ်အကြောင်း စာပေဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးသီးနှံစုံဧက တစ်သောင်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးသီးနှံစုံဧက တစ်သောင်းကျော်အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်ရှိ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ ဈေးကွက်မရောက်မီ ကုန်စည်များ အန္တရာယ်ကင်းစေရေး၊ စားသုံးသူများ ထိခိုက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး