စေတုတ္တရာမြို့နယ်၌ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှု သနပ်ခါးလိမ်းခြယ်ပွဲ ကျင်းပ
စေတုတ္တရာမြို့နယ်တွင် မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှု သနပ်ခါးလိမ်းခြယ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။