ချောက်မြို့ အ.ထ.က(၃)ကျောင်း၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ချောက် ဇွန် ၁၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကျောင်းသား/ ကျောင်းသူများအား one stop service ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းနှင့်အတူ UID အချက်အလက်များ ကောက်ယူခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းများကို ယမန်‌နေ့နံနက် ၉ နာရီအချိန်က ချောက်မြို့ အ.ထ.က(၃)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်​ရာတွင် အသက် ၁၆ နှစ်နှင့်အသက် ၁၈ နှစ်ကြား ကျောင်းသား/ ကျောင်းသူ (၃၅) ဦးအား one stop service ဖြင့် ပန်းခင်းစီမံချက်အဆင့်(၃)၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ လူဝင်မှု ကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အိသွယ်မိုး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် မြို့နယ်ဦးစီးမှူး ဦးဇင်ဘိုဘိုအောင်တို့ တက်ရောက်ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကာ UID ကောက်ယူခြင်းဆောင် ရွက်နေမှု အခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး