မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းသုံးထောင်ကျော် ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မြစ်ဖျားကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး ယနေ့ထိ ချေးငွေကျပ်သိန်း သုံးထောင်ကျော် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ၌ တိုင်းရင်းဆေးကုဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာရှိ ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးကုဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပန်းတော်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပန်း‌တော်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ပဲစင်းငုံနီများ အရောင်းအဝယ်ဆက်လက်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီများ ပြည်တွင်းပြည်ပဝယ်ယူမှု များပြားခြင်းကြောင့် အရောင်းအဝယ် ဆက်လက်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များဖြင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်သည်။

နတ်မောက်မြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ မိုးရာသီတွင် ရပ်ကွက်/ကျေးရွာပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကားဂိတ်၊ လူစည်ကားသည့်နေရာနှင့် ဈေးအတွင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ရေနံချောင်းမြို့၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင်လ (၅) ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ဆောင်ရွက်သည်။

ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုး‌ပွဲ ကျင်းပ

မကွးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ၂၀၂၅ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပသည်။

ပွင့်ဖြူမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး