ငဖဲ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မြစ်ဖျားကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး ယနေ့ထိ ချေးငွေကျပ်သိန်း သုံးထောင်ကျော် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်ခင်စိုးရီက တောင်သူများအား ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မိုးစပါးစိုက်ပျိုးရန် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် မြစ်ဖျားကျေးရွာအုပ်စုမှ တောင်သူ ၅၄ ဦး၏ မိုးစပါး ၁၀၂ ဧက၊ နှမ်းသီးနှံ ၉၄ ဧက၊ စုစုပေါင်း စိုက်ဧက ၁၉၆ ဧကအတွက် ချေးငွေကျပ် ၂၄၇ သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလမှစတင်၍ ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ကျေးရွာအုပ်စု ၁၂ အုပ်စုမှ တောင်သူ ၆၉၉ ဦး၏ မိုးစပါးနှင့် အခြားသီးနှံစိုက်ဧက ၂၅၁၀ ဧက အတွက် ချေးငွေကျပ်သိန်းပေါင်း ၃၁၁၁ သိန်းကို ထုတ်ချေးပြီးစီးပြီး ကျန်ရှိသည့်ကျေးရွာအုပ်စုများမှ တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်များကို သတ်မှတ်ကာလအတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)