မကွေးတိုင်းဒေသကြီး

မြို့သစ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး (Campaign) ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်လျှော့ချရေးအသိပညာပေး(Campaign)ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးကြီးတွင် ကျင်းပခဲ့သည်။

မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၂၇၇၂၆ ဦး ကျောင်းအပ်နှံပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံဆောင်ရွက်ခြင်းကို မေလ ‌၂၂ ရက်နေ့မှစတင် လက်ခံဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၂၇၇၂၆ ဦး လာရောက်အပ်နှံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့သစ်မြို့တွင် နိုင်ငံဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။

ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် ပြသ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာသိရှိပြီး လိုက်နာဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၊ မြေစိုက်နံရံကပ်ပြဘုတ်၌ အသိပညာပေးနံရံကပ်စာစောင်ပြသကြသည်။

မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး စမ်းသပ်စစ်‌ဆေး ကုသပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌  ယနေ့နံနက် (၉)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုမျှတကောင်းမွန်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက်ပိုင်းက မြို့သစ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့နယ် ဈေးသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဈေးသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး ပြည်သူများ အခမဲ့လာရောက် ထုတ်ယူစိုက်ပျိုးနိုင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနက ကျောက်တန်းအမြဲတမ်း ပျိုးဥယျာဉ်နှင့် မင်ဘူး-အမ်း ကားလမ်းမဘေးရှိ ကန်ရေပျိုးဥယျာဉ်တို့တွင် လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းမှ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့်  မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄)ဖြင့် Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် တာ၀န်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး