မြို့သစ်မြို့နယ်တွင် နွေစပါးသီးနှံ(၅၉၆၀)ဧက ရိတ်သိမ်းပြီးစီး

မြို့သစ် ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နွေသီးနှံရာသီက စိုက်ပျိုးခဲ့သည့် နွေစပါးသီးနှံ(၅၉၆၀)ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်တွင် တောင်သူများနွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံတို့မှ ဆည်ရေများလုံလောက်စွာ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးနှင့် လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် မြို့သစ်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌  အောင်နိုင်တိုး၊ ရတနာတိုးနှင့် ဆာဖိုးသာစပါးမျိုးများ စိုက်ပျိုးကြပြီး   နွေစပါးသီးနှံဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)