အောင်လံမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရှိန်အဟုန်မြင့်တင် ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၌ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။