မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး မကွေးမြို့နယ် မကျီးကန်ကျေးရွာအုပ်စု ဒေသခံတောင်သူများနှင့် တွေ့ဆုံ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားရေးအတွက် မကွေးမြို့နယ် မကျီးကန်ကျေးရွာအုပ်စု ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက မကျီးကန်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။