မကွေးတိုင်းဒေသကြီး

မင်းဘူး (စကု) မြို့နယ်၌ ယခုနှစ်မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် လျာထားစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်၊ စပါး ဖူလုံပေါများစေရန် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာ ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း ဧက (၇၀၀) လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာ ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း ဧက (၇၀၀) လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပွင့်ဖြူမြို့၌ မြို့တွင်းဖြတ်သန်းသွာလာသော မော်တော်ယာဉ်များအား မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ချောင်းဖြူကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

မင်းဘူးမြို့၌ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးနှင့် ဥပဒေပါအကြောင်းအရာများ အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးနှင့် ဥပဒေပါအကြောင်းအရာများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အလံပါယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် ဇရပ်ကြီးကျေးရွာတို့၌ ကွင်းဆင်း၍ ဟောပြောခဲ့သည်။

မင်းဘူးခရိုင်၌ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းများ စဥ်ဆက်မပြတ် ဖွင့်လှစ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ဒေသတွင်း စိုက်ပျိုးရေကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းများကို ဥယျာဉ်ဇင်ကျေးရွာ၊ သိမ်ကုန်းရှေ့တန်းစခန်းဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်တွင် ရဟန်းသံဃာနှင့် သီလရှင်ဆရာလေးအပါး(၄၀၀)ကျော်အား စုပေါင်းအာရုံ ဆွမ်းလောင်းလှူ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးတွင်ပညာသင်ကြားနေသည့် ရဟန်းသံဃာများနှင့်သီလရှင်ဆရာလေး အပါး(၄၀၀)ကျော်အား စုပေါင်းအာရုံဆွမ်းလောင်းလှူပွဲကို စလင်းမြို့ သာသနဟိတဆွမ်းလောင်းအသင်းမှ ဦးဆောင်ကြီးကြပ်၍  ယနေ့ ၁၃၈၇ ခုနှစ်  ဝါခေါင်လဆန်း၁၀ရက်  ၅ နာရီ ၃၀ မိနစ်အချိန်က စျေးမရပ်ကွက် သာသနဟိတဆွမ်းလောင်းအသင်းကြီးရှေ့တွင်စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များအင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ် လည်မှုနှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာများသတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်သည်။

ဂန့်ဂေါ၌ နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဂန့်ဂေါမြို့တွင် အမှတ်(၇၇၃)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးလှမျိုးထွန်း၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် အားကစားဝါသနာရှင်များပူးပေါင်းကျင်းပသော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ရပ်ကွက်နေပြည်သူအသင်းများပါဝင်သည့် ၂၀၂၅ ခုနှစ် နည်းဗျူ ဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကိုဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ နည်းဗျူဟာမှူးဗိုလ်မှူးကြီးလှမျိုးထွန်းနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ကျောင်း သား/ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။                          
Subscribe to မကွေးတိုင်းဒေသကြီး