မကွေးတိုင်းဒေသကြီး

ဂန့်ဂေါမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီများ ရွေးချယ်မှုဆိုင်ရာနှင့် ရွေးကောက်တင်မြှောက်မှု ဆိုင်ရာနည်းလမ်းများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီများဖွဲ့စည်းရာတွင် ဆောင်ရွက်ရမည့် ရွေးချယ်မှုဆိုင်ရာနည်းလမ်းများနှင့် ရွေးကောက်တင်မြှောက်မှုဆိုင်ရာနည်းလမ်းများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ဘုရားကုန်းစံပြကျေးရွာ၌ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေး အသိပညာပေးခြင်းနှင့် စွမ်းအားမြှင့် သံပုံးစွပ်မီးဖိုများ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ပြည်သူများသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားပြီး စနစ်တကျကာကွယ်ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ဇွန် ၂ ရက်နေ့က ပွင့်ဖြူမြို့နယ် ဘုရားကုန်းစံပြကျေးရွာသို့သွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး စွမ်းအားမြှင့် သံပုံးစွပ်မီးဖိုများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ် စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယမန်နေ့နံနက်(၁၀)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့် ကျောင်းသင်တန်းအခမ်းအနားဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်းသင်တန်းအခမ်းအနားကို မြို့နယ်ပညာရေးမှုးရုံး၌ ယမန်နေ့နံနက် ၉နာရီက ဖွင့်လှစ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၂)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေး

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ပေါ်ရှိအခြေခံပညာကျောင်းများသို့လိုက်လံကြည့်ရှုအားပေးသည်။

ငဖဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ်မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  ရှောက်တောင်ကျေးရွာအုပ်စုမှ တောင်သူလယ်သမားအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို တောင်တွင်းကြီးမြို့နယ် ငှက်ပစ်တောင်ကျောင်းတိုက် ဆရာတော်အား လာရောက်ဖူးမြော်ခြင်း၊  ကျောက်ကပ်စင်တာနှင့် ဘိုးဘွားရိပ်သာအား အလှူငွေများ ထောက်ပံ့ လှူဒါန်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဇွန်လ ၁ ရက်နေ့ မွန်းလွဲ (၁)နာရီက တောင်တွင်းကြီးမြို့နယ် တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာကမ္မဌာနာ စရိယ၊ မဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တမာနိတအား လာရောက်ဖူးမြော်ခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ ကျောက်ကပ်စင်တာနှင့် ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား အလှူငွေများ ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်မျိုးစုံ ၅၀၀၀၀ ကျော် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန်၊ ဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်၊ ရာသီဥတုဂေဟစနစ် မျှတကောင်းမွန်လာစေရန် ရည်ရွယ်၍ အရိပ်ရသစ်မျိုးစုံ ၅၀၀၀၀ ကျော်ကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့၌ အသက် (၆) လမှ (၁) နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အသက် ၆ လမှ ၁ နှစ်အထိ ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to မကွေးတိုင်းဒေသကြီး