ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်မျိုးစုံ ၅၀၀၀၀ ကျော် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်

ပွင့်ဖြူ ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန်၊ ဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်၊ ရာသီဥတုဂေဟစနစ် မျှတကောင်းမွန်လာစေရန် ရည်ရွယ်၍ အရိပ်ရသစ်မျိုးစုံ ၅၀၀၀၀ ကျော်ကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

နှစ်စဉ် မိုးရာသီတွင် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပင်များကို ပြုစုပျိုးထောင်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန်၊ ဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်၊ ရာသီဥတုဂေဟစနစ် မျှတကောင်းမွန်စေရန် အရိပ်ရပင်များကို  အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်လည်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ရွှေ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ဒေသခံကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ကျေးရွာသုံးစိုက်ခင်း၊ အခြားစိုက်ခင်း၊ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ ကျေးရွာပိုင်စိုက်ခင်းများအဖြစ် ယူကလစ်၊ မယ်ဇလီ၊ ဘောစကိုင်း၊ တမာ၊ ရှား၊ ကုက္ကို၊ ရင်းမာ၊ ဖျောက်ဆိပ်စသည့် သစ်မျိုးစုံပျိုးပင် ၅၆၈၁၂ ပင်အား ပွင့်ဖြူမြို့နယ်ရေပုတ်ကြီးကျေးရွာ၏ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ မြောင်ဦးကြိုးပြင်အပတောတွင် အကောင်အထည်ဖော်စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန် ၊ ဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန် ၊ ရာသီဥတုဂေဟစနစ် မျှတကောင်းမွန်လာစေရန် အတွက် ကျွန်း ၊ ယူကလစ် ၊ တမာ ၊ ဘောစကိုင်း ၊ ရင်းမာ ၊ ကုက္ကို ၊ ရှား ၊ မျှင်ဝါး ၊ မယ်ဇလီ ၊ ဖျေက်ဆိပ်စသည့် အရိပ်ရသစ်မျိုးစုံများကို ပြုစုပျိုးထောင်ကာ နှစ်စဉ် မိုးရာသီကာလတွင် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ကျေးရွာသုံး စိုက်ခင်းများ၊ ကျေးရွာပိုင်စိုက်ခင်းများ၊ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ကာ စိုက်ခင်းများမှ ထွက်ရှိလာသော ထင်း ၊ မျောတိုင်နှင့် သစ်များကို ကျေးရွာနေပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )