ငဖဲ ဇွန် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ်မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရှောက်တောင်ကျေးရွာအုပ်စုမှ တောင်သူလယ်သမားအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်သီသီမာ က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများအား ယခုအစိုးရသစ်၏ ရက်၁၀၀ စီမံချက်အရ မေလ ၁၂ ရက်နေ့မှစ၍ ထုတ်ချေးပေး လျက်ရှိကြောင်း၊ တောင်သူလယ်သမားများအား ချေးငွေနှုန်းထား စည်းကမ်း သတ်မှတ်ချ က်များနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးပေးမည့်ကိစ္စရပ်များကို ဆွေးနွေးပြော ကြားသည်။
ထို့နောက် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သီသီမာ နှင့်ဝန်ထမ်းများက ရှောက်တောင်ကျေးရွာအုပ်စုမှ တောင်သူ ၇၁ ဦး၏ မိုးစပါး ၁၁၂ ဧက နှင့် နှမ်းသီးနှံ ၉၇ ဧက စုစုပေါင်း စိုက်ဧက ၂၀၉ ဧက အတွက် ချေးငွေကျပ် ၅၇၈.၅၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းနှင့် ထုတ်ချေးပေးရန် ကျန်ရှိသည့်ကျေးရွာအုပ်စုများအား ဆက်လက်၍ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)