မကွေးတိုင်းဒေသကြီး

ကံမမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယမန်နေ့ နေ့လယ်(၁)နာရီက အခြေခံပညာ အလယ်တန်းကျောင်းခွဲ(မင်းကုန်း)နှင့်ပူးပေါင်း၍ ကျောင်းသားလူငယ်များ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ပြန့်စွာသိရှိနိုင်စေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးမြိုနယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၉ မွန်းလွဲပိုင်းက အ.ထ.က.ခွဲ(မြိုမ) ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ဖြန့်ဝေပေးခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကျောက်ဖရုံစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး ကျောက်ဖရုံသီးများ ဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင်ကျောက်ဖရုံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်၌ ဈေးကောင်းရရှိကြောင်းသိရသည်။

မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် လွယ်ကူစွာ မဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ဂွေးကုန်းကျေးရွာမှ မဲဆန္ဒရှင်များ လွယ်ကူစွာ မဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့က ကျင်းပသည်။

မြို့သစ်၌ ဒေသထွက် ငရုပ်သီးစိမ်း စျေးကျဆင်းနေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိပြီး ရောင်းချချိန် ငရုပ်သီးစိမ်းများ စျေးကျဆင်းနေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

မကွေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၂)နာရီအချိန်က တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ်၌ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ “ရည်မှန်းချက်မှသည် အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ​စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ “ရည်မှန်းချက်မှသည်အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ဖြင့် ယနေ့ညနေ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် လယ်ပြင်စုရပ်ကွက်ရှိ ပြည်သူများအား အခြေခံစားကုန် စားသုံးဆီတစ်ပိဿာလျှင် (၇၆၀၀)ကျပ်ဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင်  မြို့နယ်ဆီကုန်သည်များအသင်းမှဦးဆောင်၍ အခြေခံစားကုန်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၇)နာရီက စည်ပင်သာယာဈေး၊ အနောက်ဘက်ရွှေတောင်ပေါ်ဆီအရောင်းဆိုင်တွင် ရောင်းချပေးခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး