ငဖဲမြို့နယ်၌ မိုးစပါးစိုက်ဧက ၁၀၃၇၃ ဧက စိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးရန် ၁၀၂၀၀ ဧက လျာထားခဲ့ရာ ယနေ့ထိ မိုးစပါးစိုက်ဧက ၁၀၃၇၃ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ၁၇၃ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။