မကွေးမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေး စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးမြိုနယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၉ မွန်းလွဲပိုင်းက အ.ထ.က.ခွဲ(မြိုမ) ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ ယဉ်ကျေးလိမ္မာစေရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြစေရေး၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေနေတတ်စေရေး၊ အချိန်ကိုစီမံခန့်ခွဲတတ်စေရေးနှင့် Mobile ဖုန်း၏ ဆိုးကျိုး ကောင်းကျိုးများအကြောင်း၊ လူငယ်များ ဘက်စုံဖွံဖြိုးရေးဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးဟောပြောကြရာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်တိုကို မေးမြန်းကြပြီး  ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)