မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်နှင့် ပတ်သက်၍ အသိပညာပေးခြင်း လက်တွေ့စမ်းသပ်ခြင်းတို့ကို ကြည့်ရှုအားပေး
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ၊ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ကြည့်ရှု၍ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။