တောင်တွင်းကြီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ဆတ်သွား) တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်း (ဆတ်သွား) ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်း ဆောင်ရွက်ခဲ့သည်။