ပခုက္ကူမြို့၌ ဗိုလ်ချုပ်လမ်းသွယ် အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ပခုက္ကူ နိုဝင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းသွယ် အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၅ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

အဆိုပါ ဗိုလ်ချုပ်လမ်းသွယ်အုတ်ရေမြောင်းမှာ အရှည်ပေ(၇၈၅)၊ အကျယ်(၄)ပေနှင့် ထု(၄)ပေရှိပြီး ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် (၁၇၀၀)သိန်းဖြင့် လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်ရေး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၁၅ရက်မှစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်းထံက သိရသည်။

ဘာမီသာ (ပခုက္ကူ)