အမာမြို့၌ ရောဂါပိုးရှိသူ လူနာ(၅)ဦး ဆေးရုံမှထပ်မံဆင်းခွင့်ရ Read more about အမာမြို့၌ ရောဂါပိုးရှိသူ လူနာ(၅)ဦး ဆေးရုံမှထပ်မံဆင်းခွင့်ရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူလူနာ (၂) ဦး ထပ်တိုးတွေ့ရှိပြီး ပိုးတွေ့လူနာ(၅)ဦးမှာ ဆေးရုံမှ ထပ်မံဆင်းခွင့်ရကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာလ၌ ထီးလင်းမြို့ (ယာယီ)ပျံကျဈေးအတွင်း စနစ်တကျ ဝယ်ယူရောင်းချမှုရှိစေရေး တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက် Read more about ကိုဗစ်-၁၉ ရောဂါ ကာလ၌ ထီးလင်းမြို့ (ယာယီ)ပျံကျဈေးအတွင်း စနစ်တကျ ဝယ်ယူရောင်းချမှုရှိစေရေး တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားနေသည့်ကာလ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဝယ်ယူရောင်းချမှု ရှိစေရေးတို့အတွက် မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့(ယာယီ)ပျံကျဈေးအတွင်း ယနေ့ နံနက် ၇ နာရီတွင် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏(ပထမ)အကြိမ် အရပ်ရပ်အခွင့်အရေးလိုင်စင် ရောင်းချပွဲကျင်းပ Read more about ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏(ပထမ)အကြိမ် အရပ်ရပ်အခွင့်အရေးလိုင်စင် ရောင်းချပွဲကျင်းပ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ၂၀၂၁/၂၀၂၂ ခုနှစ် MiniBudget အတွက် ပေါင်းတည်မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ (ပထမ)အကြိမ် အရပ်ရပ်အခွင့်အရေး လိုင်စင်ရောင်းချပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေး Read more about အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်၈နာရီကလည်း မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာ(၅)နေရာ၌ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
တနင်္သာရီမြို့နယ် ကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉လူနာ(၇)ဦးဆေးရုံမှဆင်းခွင့်ရ Read more about တနင်္သာရီမြို့နယ် ကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉လူနာ(၇)ဦးဆေးရုံမှဆင်းခွင့်ရ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ -ဇီဝိတဒါနသံဃဆေးရုံ သီးသန့်လူနာ ကုသဆောင်နှင့်ဆေးရုံဝန်ထမ်းအိမ်ရာ Positive Centre စောင့်ကြည့်နေရာအတွင်း ကျန်းမာရေးစောင့်ကြပ်ပေး၍ ဆေးဝါးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ ပိုးတွေ့လူနာ(၇၁)ဦးရှိသည့်အနက်ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီးသတ်မှတ်ရက်ပြည့်ပြီဖြစ်သောလူနာ(၇)ဦးတို့အား ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်က ဆေးရုံဆင်းခွင့်လက်မှတ်များကိုထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် (၃) ဦး ထပ်မံ ဆေးရုံဆင်းခွင့်ပြုခဲ့ရာ၊ ဆေးရုံဆင်းခွင့်ရသူ (၄၃၆) ဦးရှိပြီးဖြစ် Read more about ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် (၃) ဦး ထပ်မံ ဆေးရုံဆင်းခွင့်ပြုခဲ့ရာ၊ ဆေးရုံဆင်းခွင့်ရသူ (၄၃၆) ဦးရှိပြီးဖြစ် ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ ဆေးရုံ နှင့် ယာယီသီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ဩဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ အနက်မှ ၃ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
Semi Lock Down ချမှတ်ထားသည့် အိမ်ထောင်စု၇၆ စုအတွက် ကြက်ဥနှင့် ကြက်သွန်နီများကို မြို့နယ် Covid19 ကော်မတီမှထောက်ပံ့ Read more about Semi Lock Down ချမှတ်ထားသည့် အိမ်ထောင်စု၇၆ စုအတွက် ကြက်ဥနှင့် ကြက်သွန်နီများကို မြို့နယ် Covid19 ကော်မတီမှထောက်ပံ့ လင်းခေး ဩဂုတ် ၁၄
တနိုင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်- ၁၉ လူနာများကို ထောက်ပံ့ပေးခြင်းနှင့် ကိုဗစ် -၁၉ ဆိုင်ရာလုပ်ငန်းများတွင် ထူးချွန်စွာ ပါ၀င်ဆောင်ရွက်ကြသော ဌာနဆိုင်ရာများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ် Read more about တနိုင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်- ၁၉ လူနာများကို ထောက်ပံ့ပေးခြင်းနှင့် ကိုဗစ် -၁၉ ဆိုင်ရာလုပ်ငန်းများတွင် ထူးချွန်စွာ ပါ၀င်ဆောင်ရွက်ကြသော ဌာနဆိုင်ရာများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကိုဗစ်-၁၉ ဆိုင်ရာလုပ်ငန်းများကို ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့သည့် ဌာနဆိုင်ရာများနှင့် အသင်း အဖွဲ့များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ်ခြင်းနှင့် တနိုင်းမြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၁၈) ဦးတို့အား သွားရောက်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ (၉) နာရီခွဲမှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေး ဖျန်း Read more about မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေး ဖျန်း ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာဦးစီးဌာန ၊ မြို့နယ်မီး သတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၈ နာရီက စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Oxygen Plant စက်တစ်လုံး မတည်ပေးမှုဖြင့် Oxygen Plant စက်ရုံတည်ဆောက်နိုင်ရေး မြေနေရာပြင်ဆင်လျက်ရှိ Read more about သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Oxygen Plant စက်တစ်လုံး မတည်ပေးမှုဖြင့် Oxygen Plant စက်ရုံတည်ဆောက်နိုင်ရေး မြေနေရာပြင်ဆင်လျက်ရှိ မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း Oxygen Plant စက်တစ်လုံးကို မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မတည်ပေးမှုဖြင့် Oxygen Plant စက်ရုံတည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံတည်ဆောက်နိုင်ရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် အလှူရှင်များ ပူးပေါင်းတည်ဆောက်သွားမည့် စက်ရုံမြေနေရာအား သရက်ခရိုင်ဆေးရုံဝန်းအတွင်း မြေညှိရှင်းလင်းလျက်ရှိ ကြောင်း သိရသည်။