သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Oxygen Plant စက်တစ်လုံး မတည်ပေးမှုဖြင့် Oxygen Plant စက်ရုံတည်ဆောက်နိုင်ရေး မြေနေရာပြင်ဆင်လျက်ရှိ

သရက် ဩဂုတ် ၁၀

 

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း Oxygen Plant စက်တစ်လုံးကို မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မတည်ပေးမှုဖြင့် Oxygen Plant စက်ရုံတည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံတည်ဆောက်နိုင်ရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် အလှူရှင်များ  ပူးပေါင်းတည်ဆောက်သွားမည့် စက်ရုံမြေနေရာအား သရက်ခရိုင်ဆေးရုံဝန်းအတွင်း မြေညှိရှင်းလင်းလျက်ရှိ ကြောင်း သိရသည်။

 

အဆိုပါ Oxygen Plant စက်ရုံတည်ဆောက်ရန်အတွက် သရက်မြို့ ရုံးရပ်ကွက်  ဆေးရုံကြီးရှေိ့ မျက်နှာစာရှိ မြေကွက်လွတ်အကျယ်အဝန်း (၃၀×၄၀) ပေပေါ်တွင် မြေညှိရှင်လင်းနေမှုများအား သရက်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇော်ထက်(သရက်)