မိုးမိတ် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာဦးစီးဌာန ၊ မြို့နယ်မီး သတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၈ နာရီက စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာနေအိမ်နှင့် အနီးပတ်ဝန်းကျင်များအား ပိုးသတ်ဆေးဖျန်းပေးခြင်း ၊ ဘာသာရေးကျောင်းများအားဆေးဖျန်းခြင်း များဆောင်ရွက်ခဲ့ပြီး ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် နေ့စဉ်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိ ပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူဌေး