စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၈ ရက်နေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းမဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် မီးသတ်ဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို မတ် ၆ ရက် နံနက် ၉ နာရီခွဲက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးလေးဆွေနှင့်ဝန်ထမ်းများက ဧပြီ ၆ ရက်နံနက်က အမှတ်(၂) ရပ်ကွက်၌ အသက် ၁၀ နှစ်မှ ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့ ရွှေချက်သိုစေတီတော်မြတ်ကြီး၌ ဘုရားအနေကဇာတင်‌ ရေစက်ချအောင်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်တော်မူခဲ့သော မြို့တည်နန်းတည် သတ္တဌာန ခုနှစ်ခုတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရွှေချက်သိုစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ပြီးမြောက်အောင်မြင်ပြီဖြစ်ပါ၍ ဘုရားအနေကဇာတင် ရေစက်ချအောင်ပွဲအခမ်အနားကို ယနေ့နံနက် (၈) နာရီအချိန်က ရွှေချက်သိုစေတီတော်အရှေ့ဘက် အာရုံခံအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲစိုက်ပျိုးရန် ထယ်ရေး၊ ထွန်ရေး ကြိုတင်ပြင်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲစိုက်ပျိုးရန် ထယ်ရေး၊ ထွန်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေတင်ဆက်မည့် ယိမ်းအကဖွဲ့များ ကြိုတင်အကတိုက်လေ့ကျင့်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၌ ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဖျော်ဖြေတင်ဆက်မည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ အခြေခံပညာဦးစီးဌာနမှ ပညာရေးဝန်ထမ်းများ၊ ကျောင်းသူများအနေဖြင့်  ယမန်နေ့မှစတင်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအစည်းအဝေးခန်းမနှင့် အခြေခံပညာကျောင်းများတွင် ကြိုတင်အကတိုက်လေ့ကျင့်လျက်ရှိသည်။

ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက်၁နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးနှင့်စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေး စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် အမှတ်(၂၈) ရပ်ကွက်၊ သခင်အုန်းခင်လမ်း၊ အမှတ်(၃)ဈေးနှင့် (၂၇)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ်(၂၇/၉)ရှိ DENKO-2 (စက်သုံးဆီအရောင်းဆိုင်)တို့အား မီး‌ဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ ည‌နေ ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

၂၀၂၆ ခုနှစ်၊ ဧပြီလ၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလတွင် ကျရောက်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်၍ (ဗဟို) သင်္ကြန်မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ကို ကမ်းနားလမ်းရှိ We Love Hkamti အနီးတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

နာဂဒေသ၊ ထန်ပါခွေမြို့၌ ရေရှည်တည်တံ့သည့် နှစ်ရှည်ပင်စိုက်ပျိုးနည်း တောင်သူနည်းပညာပေး သင်တန်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀)က ရေရှည်တည်တံ့သည့် နှစ်ရှည်ပင်စိုက်ပျိုးနည်းတောင်သူနည်းပညာပေး သင်တန်းပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး