စစ်ကိုင်းတိုင်းဒေသကြီး

ဖောင်းပြင်မြို့နယ်တွင် အသိပညာပေးဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းမြေပဲ လျာထားချက်ထက် ဧက ၁၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် ဆောင်းမြေပဲ လျာထားချက်ထက် ဧက ၁၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ကောက်ခံရရှိရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့်အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)ကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မုံရွာမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၆/၂၀၂၄ ဆင်းပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၆/၂၀၂၄ ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

မုံရွာမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လျှပ်စစ်မီတာခများ ကြွေးကျန်မရှိရေး လက်ခံဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌  လျှပ်စစ်မီတာခများ ကြွေးကျန်မရှိရေး လက်ခံဆောင်ရွက်ပေးနေရာသို့ရောက်ရှိပြီး ခရိုင်/မြို့နယ်  လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ လျှပ်စစ်မီတာခ ကောက်ခံမှုနှင့် ကြွေးကျန်မရှိရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကန့်ဘလူမြို့၌ ကွန်ပျူတာအ​ခြေခံသင်တန်း အမှတ်စဥ်(၆/၂၀၂၄) ဆင်းပွဲကျင်းပ

လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျ လေ့လာကျွမ်းကျင် တတ်မြောက်စေရန်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်( ၆/၂၀၂၄)ဆင်းပွဲကို နိုဝင်ဘာ ၂၈ ရက်မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးနှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်းနှင့် သက်မှတ်အားကစားရုံများတွင် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ခရာတေး၊ အလေးမနှင့် လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှု အားပေးကြသည်။

မုံရွာခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက် စုစုပေါင်း ၃၂၁၀၆ ဧကလျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာခရိုင်အတွင်းရှိ  မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော်မြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက်စုစုပေါင်း ၃၂၁၀၆ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ကန့်ဘလူမြို့၌ အမျိုးသမီးများနှင့် ပတ်ဝန်းကျင်အကြောင်း သိကောင်းစရာ ဆွေးနွေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများနှင့် ပတ်ဝန်းကျင်အကြောင်း သိကောင်းစရာဆွေးနွေးဟောပြောပွဲကို နိုဝင်ဘာ ၂၇ ရက်မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံစာဆို​တော်​နေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံစာဆို​တော်​နေ့ အခမ်းအနားကို ယ​နေ့နံနက် ၁၀ နာချိန်က ကျင်းပရာ စာ​ရေးဆရာဆရာမကြီးများ၊ စာ​ပေဝါသနာရှင်များ တက်​ရောက်ခဲ့​ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး