မုံရွာ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော်မြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက်စုစုပေါင်း ၃၂၁၀၆ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
မုံရွာခရိုင်အတွင်းရှိ ဒေသခံတောင်သူများ ကြက်သွန်နီနှင့် ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲရေးနှင့် စိုက်စနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး၊ ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ သီးနှံများအရည်အသွေးကောင်းရရှိရေး၊ အထွက်နှုန်းရရှိရေး၊ နည်းပညာရပ်များ ရယူသုံးစွဲနိုင်ရေးနှင့်စျေးကွက်ဝင် သီးနှံများကို စိုက်ပျိုးကြရေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုံရွာခရိုင်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက် လျာထားစိုက်ပျိုးမှုအနေဖြင့် ကြက်သွန်နီ ၁၁၂၅၀ ဧက၊ ဟင်းသီးဟင်းရွက် ၂၀၈၅၆ ဧက စိုက်ပျိုးမည်ဖြစ်ပြီး ခရိုင်အတွင်းသာမက ပြည်တွင်းသီးနှံဖူလုံရေးအတွက် ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ အောင်မြင်အောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)