စစ်ကိုင်းတိုင်းဒေသကြီး

ခန္တီးမြို့၌ စာပေချစ်မြတ်နိုးသူ(Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဗလငါးတန်ဖွံ့ဖြိုးသည့်လူငယ်များဖြစ်လာစေရန်၊ အတွေးအခေါ်များမြင့်မားလာစေရန်၊ စကားပြော စွမ်းရည်များကြွယ်ဝပြီး လူမှုအဖွဲ့အစည်းများနှင့် ပေါင်းသင်းဆက်ဆံတတ်စေရန်စသည့် ရည်ရွယ်ချက် များဖြင့် စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ မီးဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ မီးဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်းတွင် သစ်လွင်သူနာပြုခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အထွေထွေရောဂါကုဆေးရုံကြီးတို့မှ ဦးစီး၍ သူနာပြုသင်တန်းကျောင်းတွင် သူနာပြုကျောင်းသား/ သူများအား သစ်လွင်သူနာပြုခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့လည် (၂) နာရီအချိန်က ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း သပြေညိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း(၇/၂၀၂၄)နှင့် ဆံပင်အုပ် (ဘိုးကလစ်)ပြုလုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း (၇/၂၀၂၄)နှင့် ဆံပင်အုပ်(ဘိုးကလစ်) ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အ.ထ.က( ၁)ကန့်ဘလူ၌ ( ၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ(၁၂/၂၀၂၄)အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁၂/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ကမ်းဘေး မြေနုကျွန်းပေါ်၌ တောင်သူဦးမြင့်စိုး စိုက်ပျိုးထားရှိသည့် ဆောင်းမြေပဲများနှင့် စားဖိုဆောင်သီးနှံစိုက်ခင်းသို့ ရောက်ရှိကြသည်။

ကန့်ဘလူမြို့နယ်အတွင်း မိုးစပါး ၃၄၇၃၀ ဧက ပြန်လည်ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၂၄၃၄၁၉၄ တင်းထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ (၂၀၂၄ - ၂၀၂၅) ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ တွင် (၁၅၀၉၅၉) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ မိုးစပါး (၃၄၇၃၀)ဧက ပြန်လည်ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၂၄၃၄၁၉၄ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်း‌ဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများအနေဖြင့် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများကို ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေမိုးလုံလေလုံ အားကသားခန်းမ၌ ကျင်းပသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး