စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့တွင် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ရှင်းလင်းရေး ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခန္တီး-ဆင်သေ-လဟယ်လမ်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် မိုင်တိုင် အမှတ် ၃၃-၃၄ ကြား မျက်ကွယ်ကုန်းဖြတ်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်မည့်နေရာ၊ အမြင့်ပေ ၄၉၉၇ ပေရှိ ထိန်ညိုတောင်ရှုခင်းသာဗျူးပိုင့် ဆောင်ရွက်မည့် နေရာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လဟယ်မြို့အဝင် မိုင်တိုင်အမှတ် ၅၁-၅၂ ကြား လမ်းတာချဲ့ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကသာမြို့မှ မီးဘေးသင့်အိမ်ထောင်စု ၄ စုအား ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ရှိ မီးဘေးသင့်အိမ်ထောင်စု ၆ စုအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အလှပန်းပြုလုပ်နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဒေသတွင်းလူငယ်လူရွယ်များအလုပ်အကိုင်အခွင့် အလမ်းရရှိရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရေးအတွက်ရည်ရွယ်ကာ အလှပန်း ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို မေ ၁၅ ရက်မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

ကလေးမြို့၌ ဆင်းသုခနွေစပါးစံကွက်ရိတ်သိမ်းပွဲ တာဝန်ရှိသူများကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်း(ပျဉ်း)အုပ်စု၊ နန်းဇလူကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာန်အွေ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးအောင်ဖြိုးသော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တောင်သူဦးလူဝင်း၏ နွေလယ်ဆင်းသုခစပါးစိုင်ခင်းကို စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုတင်း ၁၃၀ ထွက်ရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဖူဆယ်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် အိမ်ရာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္နဝန် အရာထမ်းဝန်ထမ်းအိမ်ရာအတွင်းရှိ “နန္နဝန်အားမာန်” ဖူဆယ်အားကစား ဘောလုံးကွင်းဖွင့်ပွဲ အထိန်းအမှတ် ဝန်ထမ်းပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ အိမ်ရာအတွင်းရှိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အိမ်ရာအတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ/မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။

မုံရွာမြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီလူထုဖြန့်ဝေပေးရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း(၂၀၀၀၀)ပင် ပျိုးထောင်ထားရှိ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန် ရာသီဥတုမျှတကောင်းမွန်စေရန်နှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်တို့အတွက် မိုးရာသီပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန် မုံရွာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး၊ မြို့မပျိုးဥယျာဥ်တွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ ၂၀၀၀၀ ပျိုးထောင်ထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ ၂၀၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများအား ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးက အခြေခံပညာအထက် တန်းကျောင်းခွဲ(ရန်နိုင်)အတွင်းရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်းတွင် One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့်တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့်တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး