ကန့်ဘလူ မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဒေသတွင်းလူငယ်လူရွယ်များအလုပ်အကိုင်အခွင့် အလမ်းရရှိရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရေးအတွက်ရည်ရွယ်ကာ အလှပန်း ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို မေ ၁၅ ရက်မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ဦးစွာ သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဌာန၏ဆောင်ရွက်နေမှု အခြေအနေများနှင့်သင်တန်းဖွင့် လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးဆန်းက သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ ၃၀ ဦးတက်ရောက်၍ သင်တန်းကာလမှာ မေ ၁၅ ရက်မှ ၁၈ ရက်နေ့ထိ အလှပန်းပြုလုပ်နည်းဘာသာရပ်ကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)