ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ ၂၀၀၀၀ ပျိုးထောင်ထားရှိ

ကျွန်းလှ မေ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ ၂၀၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။

ထိုပျိုးပင်များအဖြစ် ကျွန်း (၃၀၀၀)၊ တမာ (၄၀၀၀)၊ ပျဉ်းကတိုး (၃၀၀၀) ခရေ (၄၀၀၀)၊ စွယ်တော် (၄၀၀၀)၊ ယူကလစ် (၁၀၀၀)၊ မယ်ဇလီ (၁၀၀၀) စုစုပေါင်းပျိုးပင်မျိုးစုံ (၂၀၀၀၀ ) ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ထို့အပြင် အထူးပျိုးပင်အဖြစ် အမြင့် ၃ပေမှ ၅ပေ ၁၁ လက်မရှိ  ခရေ (၁၅၀၀)၊ မဟော်ဂနီ (၁၅၀၀)၊ ဗန်ဒါ (၅၀၀)၊ ပိတောက် (၅၀၀) စုစုပေါင်းပျိုးပင် (၄၀၀၀) ပျိုးထောင်ထားကြောင်း သိရသည်။

အဆိုပါပျိုးပင်များကို ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူလူထုဖြန့်ဝေပြီး သစ်ပင်စိုက်ပျိုးပွဲ၊ ကျေးရွာထင်းစိုက်ခင်းနှင့် လမ်းဘေးဝဲယာတို့တွင် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ