စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ် ငွေရတုခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စစ်ကိုင်းမြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကဗျာလွတ်နှင့် အေရိုးဗစ် အကပြိုင်ပွဲများကျင်းပ

စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကဗျာလွတ်နှင့် အေရိုးဗစ်အကပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

(၂၆)ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြိုဓမ္မပူဇာအဖြစ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တပို့တွဲလဆန်း ၁၀ ရက် ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါစေတီတော်လိုဏ်အတွင်း၌ ကျင်းပသည်။

စစ်ကိုင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ၂၀၂၅ ခုနှစ်၊ နှစ်ချုပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၆)အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ၂၀၂၅ ခုနှစ်၊ နှစ်ချုပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။  

ကျွန်းလှမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံဧက ၃၅၀၀၀ ကျော် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံဧက ၃၅၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုန်ရန်ပုံငွေမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။

ရွှေဘိုမြို့၌ (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကျင်းပပြုလုပ်ပူဇော်သည့် (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် ၉ နာရီအချိန်က ချမ်းသာကြီး၊ ချမ်းသာရစေတီတော်မြတ်ကြီးရှိ အရုဏ်ခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်းမြို့၌ “(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်” ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်း အမှတ် “ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲကို ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အမျိုးသမီးများကျန်းမာရေးစောင့်ရှောက်ဖို့ မျိုးဆက်ပွားကျန်းမာရေးနှင့် သားအိမ်ခေါင်းကင်ဆာအကြောင်းလေ့လာစို့ အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်ဖို့ မျိုးဆက်ပွားကျန်းမာရေးနှင့် သားအိမ်ခေါင်းကင်ဆာအကြောင်း လေ့လာစို့ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် (၁၀) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင်ပြုလုပ်ရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ စန်းစန်းအေး နှင့် ဒေါက်တာ မီးမီးတင်သိန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မုံရွာတက္ကသိုလ်မှ ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀) ဦးကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး