ကျောက်တံခါး မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများအား ၂၀၂၅ ခုနှစ် မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးအောင်ဇော်ဦးက ၂၀၂၅-ခုနှစ်၊ မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းနှင့် ပတ်သက်၍ တောင်သူများအား ရှင်းလင်းပြောကြားပြီး မြိုနယ်မန်နေဂျာနှင့် ဝန်ထမ်းများက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးကြသည်။
ထိုသို့ ထုတ်ချေးရာတွင် ယနေ့နံနက်ပိုင်းတွင် မြို့ချောင်းကျေးရွာအုပ်စုမှ တောင်သူ (၁၁၁) ဦးအား လယ်ဧက(၇၀၆)ဧကအတွက် တစ်ဧက ၁၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးငွေကျပ် ၁၀၅၉.၀၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)