ပေါင်းတည်၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ရှင်းလင်းခြင်းအခမ်းနားကို စံပြကျေးရွာထူထောင်မည့် ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာ၏ ဇီးတောကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။