ပဲခူးတိုင်းဒေသကြီး

ညောင်လေးပင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေး ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အ.မ.က (မူလွန်) ဆေးရုံရပ်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ လွှဲပြောင်းပေးအပ်

တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည် မီးငြှိမ်းသတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ  ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ ရွှေကြာတင်ဘုန်းတော်ကြီးကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ မိုးစပါးစိုက်ဧက (၁၁၀၂၆၂)ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက(၁၁၀၂၆၂)ဧက စိုက်ပျိုးနိုင်‌ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ “အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ပြည်ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ဦးဆောင်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ “အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပပြုလုပ်သည်။

အုတ်ဖိုမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒကောင်းမွန်စေရေး စသည့်အကျိုးများ ရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေမြို့သစ်၊ သန္တိသုခဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ယနေ့နံနက် ၇ နာရီက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

​​​​​ဖြူးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး မိုးရာသီအကြို သစ်ပင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅-ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲအနေဖြင့် ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က ချင်းခင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုးညိုမြို့၌ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ‌တော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် သတင်းရေးသားနည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ သတင်းကောင်းတစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းတည်းဖြတ်နည်းများကို သိရှိနိုင်ရန်ရည်ရွယ်၍ သတင်းရေးသားတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၅) ကို သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

​​​​​ဖြူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့်နေရာသို့ကွင်းဆင်း၍ ကာကွယ်နှိမ်နင်းအသိပညာပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသော ခြင်များပေါက်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နှိမ်နင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့် ဇေယျဝတီမြို့၊ မြို့မ(၁)ရပ်ကွက် အတွင်းသွေးလွန်တုပ်ကွေးရောဂါအတွက် ခြင်နှိမ်နင်းရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး