သာယာဝတီ စက်တင်ဘာ ၁၂
၂၀၂၅ခုနှစ်၊ အောက်တိုဘာ(၁)ရက်တွင်ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးခိုင် ဦးဆောင်မှုဖြင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် အမှန်တကယ်သွေးလိုအပ်နေသော ဝေဒနာရှင်များအတွက် အလှူတစ်ရပ်အနေဖြင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း(၆၀)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူများကို ကြက်ဥ၊ Royal D အအေးဗူးနှင့် သွေးအားတိုးဆေးများ ပေးအပ်ခဲ့ကြသည်။
သွေးလှူဒါန်းရာတွင် သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးခိုင် ဦးဆောင်၍ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲစိုး၊ အမှတ်(၁၄) ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူးလင်းထိန်၊ သတင်းတပ်ဖွဲ့မှ ရဲအုပ်တင်မောင်ထွန်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်အေးစိုးနှင့်ရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)